မိုင်းတုံမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြပွဲ/ပြခန်းများ ခင်းကျင်းပြသ

မိုင်းတုံ မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အထကမိုင်းတုံစာသင်ကျောင်းခန်းများတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍  ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြပွဲ/ပြခန်းများ ခင်းကျင်းပြသခဲ့ရာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်ထင်နှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူငယ်များနှင့် ဆရာ/ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပြခန်းကို ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်မူးယစ်၊ မြို့နယ်လူကုန်ကူးမှုတာဆီးကာကွယ်‌ရေး၊ မြို့နယ်လမ်းဦးစီး၊ မြို့နယ်သစ်တော၊ မြို့နယ်(ပြန်/ဆက်)၊ မြို့နယ်စိုက်ပျိုးရေး၊ လားဟူယဉ်ကျေးမှု၊ မြို့နယ်ပညာရေး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ နံရံကပ်/ဓာတ်ပုံများ၊ ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး၊ မြို့နယ်မီးသတ်ဌာနမှ ကြိုတင်ပြင်ဆင်ထားမှုနှင့် အန္တရာယ်နှင့် ကြုံတွေ့လာပါက မည်သို့ကယ်ဆယ်ရမည်ကို သရုပ်ဖော်ပြသပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)