မူဆယ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ဌာနဆိုင်ရာများကြိုတင်မဲပေးလျက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် ဇနီးဒေါ်မိုးသူတင့်(ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ)၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့်ဇနီးဒေါ်စောစုမြိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြိုတင်မဲပေးခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မဲရုံအမှတ်(၅)တွင် လာရောက်မဲပေးသည်။
မူဆယ်မြို့၌ ကြိုတင်မဲပေးပိုင်ခွင့်ရရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို မူဆယ်မြို့၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ မဲရုံအသီးသီး၌ ကြိုတင်မဲများ လာရောက်ပေးခဲ့ကြပြီး မဲရုံများအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကြိုတင်မဲလာရောက်မဲပေးသည့် အခြေအနေများအား လေ့လာကြည့်ရှုခြင်း၊ ပါတီစုံဒီမိုကရေစီအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှုခြင်းများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရန်အတွက် အခြားလိုအပ်ချက်များ မှာကြားခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)