ခိုင်ကမ်းမြို့တွင် Facility Quarantine ဝင်ရောက်နေသူအားကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ခိုင်ကမ်း   နိုဝင်ဘာ  ၆

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အတွင်း Facility Quarantine ဝင်ရောက်နေသူအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီအထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်  ယနေ့ နံနက်  ၁၀ နာရီက ကြိုတင်ဆန္ဒမဲ သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးဈေးတိုက်တန်းတွင် Facility Quarantine  ဝင်ရောက်နေသူအား ကြိုတင်ဆန္ဒမဲ သွားရောက်ဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ  တာဝန်ရှိသူများ နှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရေး ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)