မိုင်းတုံ ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်/မယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မိုင်းတုံခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်ထွန်းကျော်က မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သော လူရည်ချွန် Grade-10 မှ မဆောင်းသဇင်နှင့် Grade-9 မှ မောင်ရဲမာန်ထင်တို့အား ရှမ်းပြည်တစ်ပြည်လုံးတွင် လူရည်ချွန်အရွေးခံ (၂၄) ဦးတွင် မိုင်းတုံခရိုင်၌ (၂)ဦးအရွေးခံခဲ့ရလို့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ လေ့လာရေးခရီးစဉ်မှာလည်း သေချာလေ့လာမှတ်သားခဲ့ကြရန်၊ ယဉ်ကျေးလိမ္မာရန်၊ ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်နှင့် ဆက်လက်၍လည်း မိုင်းတုံမြို့၏ ဂုဏ်ကို ဆက်လက်ထိမ်းသိမ်းနိုင်သည့် သူများဖြစ်စေလိုကြောင်း၊ မိမိတို့နှင့်အတူ သူငယ်ချင်းများကိုလည်း လက်တွဲခေါ်ယူနိုင်အောင် ကြိုးစားကြရန် ဆုံးမအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးကျော်ထင်ကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးကလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေကလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ကလည်းကောင်း အသီးသီး ဆုံးမအမှာစကားများပြောကြားခဲ့ကြသည်။ ထို့နောက် လူရည်ချွန်မောင်/မယ်နှစ်ဦးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ (၂၀၀၀၀ဝိ/-)ကျပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်ထွန်းကျော်နှင့်ဇနီးမှ (၁၀၀၀၀ဝိ/-)ကျပ်၊ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးကျော်ထင်နှင့်ဇနီးမှ (၁၀၀၀၀ဝိ/-)ကျပ်၊ ကျောင်းကျိုးဆောင်းအဖွဲ့မှ (၁၈၀၀၀ဝိ/-) ကျပ်၊ အ.ထ.က မိုင်းတုံကျောင်းမှ (၁၀၀၀၀ဝိ/-)ကျပ် စုစုပေါင်း (၆၈၀၀၀ဝိ/-) ကျပ်ကို လူရည်ချွန် Grade-10 မဆောင်းသဇင်နှင့် Grade-9 မောင်ရဲမာန်ထင်တို့အား မုန်းဖိုးများပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)