ပိုင်ကျုံ နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဆင်းသုခမျိုးကောင်း မျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က နောင်ဘိုကြီး ကျေးရွာရှိ တောင်သူဦးမြိုင်အေးတင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆင်းသုခမျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်မွန်နှင့် တောင်သူများတက်ရောက်ခဲ့ပြီး ဦးမြိုင်အေးတင်၏လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် (၃)ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစိုထွက်နှုန်း တစ်ဧကလျှင် (၈၃) တင်းထွက်ရှိပြီး ဆင်းသုခ မျိုးကောင်းမျိုးသန့်စပါးအား စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လာ မည့်နှစ် မိုးစပါးပြန်လည်စိုက် ပျိုးချိန်တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)