ထားဝယ် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ရွှေဝယ်ပိတောက်ရေကစားမဏ္ဍပ်များသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများ ပျော်ရွင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများကို ကြည်ရှုအားပေးပြီး ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍တာဝန်ရှိသူများက မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်တွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှု့အားပေးပြီး ဗဟိုမဏ္ဍပ်နှင့် ရွှေဝယ်ပိတောက်ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျှော်ရွှင်စွာ ရေကစားလျက်ရှိရာ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိပြီး သင်္ကြန်ယိမ်းအဖွဲ့များ၊ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများ ဝေငှခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၌ ယမန်နေ့ ညနေဘက်များတွင် ဒေသအတွင်းမှ ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)