တနိုင်း ဧပြီ ၃
ကချင်ပြည်နယ်၊ တနိုင်းခရိုင်ရုံးနှင့် တနိုင်းမြို့နယ်ရုံး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနိုင်းခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံးနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ တနိုင်းမြို့နယ်မြေစာရင်းဦးစီးဌာန အမည်သို့ပြောင်းလဲအသုံးပြုခြင်း အထိမ်းအမှတ်အနေဖြင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်ခြင်း လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်နာယူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ရုံးဆိုင်းဘုတ်ဖွင့်ပွဲကို ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ဦးစီးမှူး ဦးကရိုးဆွတ်ဒွဲအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)