မတူပီ နိုဝင်ဘာ ၄
မတူပီခရိုင်၊ မတူပီမြို့၌ ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်မှစ၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲဆန္ဒ ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲနေ့၌မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များက ရပ်ကွက်အလိုက် သတ်မှတ်နေရာ အသီးသီးတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် လာရောက်ဆန္ဒမဲပေးသူပေါင်း(၁၃၇)ဦးကျော်ရှိပြီး ကြိုတင်ဆန္ဒမဲများ ကိုနိုဝင်ဘာလ(၇)ရက်နေ့အထိ ဆန္ဒမဲပေးနိုင်ကြောင်းနှင့်သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူ များနှင့်ကျန်းမာရေးမကောင်းသူများအား အိမ်တိုင်ရာအရောက် ကွင်းဆင်းဆောင်ရွက် မည်ဖြစ်ရာ မတူပီမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၈၆၆၉)ဦး ရှိပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း(၁၅၀)ရုံဖြင့် ဖွင့်လှစ်ကျင်းပမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ခရိုင်(ပြန်ဆက်)