သပိတ်ကျင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၄.ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၃)ခုတွင် အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၄.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာစာစစ်ဌာန (၃)ခု ဖြစ်သည့် (အ.ထ.က)သပိတ်ကျင်း၊ (အ.ထ.က) ဝါးဖြူတောင်၊ (အ.ထ.က)ဇရပ်ကွင်းတို့တွင် ကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၈၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၂၇၅)ဦးအနက် မြန်မာစာဘာသာရပ်ကိုဝင်ရောက်ဖြေဆိုသူ ကျောင်းသား( ၈၂)ဦး၊ကျောင်းသူ( ၁၆၅)ဦး၊စုစုပေါင်း (၂၄၇)ဦး ဖြေဆိုလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)