ရွာငံ မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို ယနေ့နံနက် ၉ နာရီ မှစ၍ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းနှင့်အတူ အတွင်းရေးမှူး ရဲမှူးကျော်ဦး၊ အဖွဲ့ဝင်(၃) ဦးတင်ဇော်လင်း၊ မြို့နယ်ပညာရေးမှူး ဒေါတ်တာတင်တင်အေးတို့က ဖြေဆိုခန်းများ၊ အရံခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခန်းများ၊ သန့်စင်ခန်းအဝင်အထွက် မှတ်တမ်းထားရှိမှုများနှင့် ကျောင်းသား/သူများ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး များအတွက် ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
ရွာငံမြို့နယ်တွင် အထက(ရွာငံ)၊ အထက (ရေဦး)၊ အ.ထ.က(မြင်းကျဒိုး)၊ အ.ထ.က (မြိုင်)နှင့် အ.ထ.ကမြို့ကြီးစာစစ်ဌာန ငါးခု ရှိပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာရင်းရှိ ဖြေဆိုသူ (၃၄၄)ဦး အနက် ယနေ့မြန်မာစာဖြေဆိုသူ (၃၃၄) ဝင်ရောက်ဖြေဆိုခဲ့ကြပြီး သတ်မှတ်ထားရှိသော စည်းကမ်းများနှင့်အညီ နေ့အလိုက် ဘာသာရက်များအတိုင်း မတ်လ (၁၁) ရက်နေ့မှစ၍ (၁၉)ရက်နေ့အထိဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)