၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူ မိတ္ထီလာမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား ၂၆ဝ၉ ဦး ဝင်ရောက်ဖြေဆို

မိတ္ထီလာ မတ် ၁၁

၂ဝ၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နက် ၉ နာရီအချိန်က စတင်ပြီး နိုင်ငံတစ်ဝန်း စာစစ်ဌာနများတွင် ကျင်းပရာ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသူ၊ ကျောင်းသား ၂၆ဝ၉ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် စာစစ်ဌာန ၇ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ အ.ထ.က(၅)ရှမ်းတဲ အ.ထ.က(တောမ)နှင့် အ.ထ.က(ရေဝေ) တို့တွင် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ (မြန်မာစာဘာသာ)ဖြေဆိုသူ အတွင်းဖြေစာရင်းရှိ ၂၅၂၁ ဦး အနက် ၂၄၉၅ ဦး နှင့် အပြင်ဖြေစာရင်းရှိ ၁၄၃ ဦး အတက် ၁၁၄ ဦး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၂၆ဝ၉  ဦးဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့များအလိုက် စောင့်ကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ