မိုင်းဆတ်မြို့၌ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ စတင်ဖြေဆို

မိုင်းဆတ် မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် (၉) နာရီက အ.ထ.က (မိုင်းဆတ်) စာစစ်ဌာနတွင် မြန်မာစာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အ.ထ.က (မိုင်းဆတ်) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၁၃၉) ဦးရှိသည့်အနက် အတွင်းဖြေ ကျောင်းသား (၇၁) ဦး၊ ကျောင်းသူ (၅၅) ဦး၊ စုစုပေါင်း (၁၂၆) ဦး မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀ ဒဿမ ၆၅) ရာခိုင်နှုန်းရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် တာဝန်ကျဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အတွင်းစည်း၊ အပြင်စည်း လုံခြုံရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)