မီး‌ဘေးအန္တ‌ရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြား‌သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

ချမ်းမြသာစည် မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် ၄၅ လမ်းကြား၊ ၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး စစ်ရေးပြကွင်း၌ ယနေ့ နံနက် ၈:၀၀ နာရီအချိန်က မီး‌ဘေးအန္တ‌ရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြား‌သောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မီးငြှိမ်းသတ်‌ရေးနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေး တပ်ဖွဲ့အဆင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအာင်၊ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တိုင်း‌ဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြား‌ရေးမှူး ဦးဇော်ဝင်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲအများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်း‌ဒေသကြီး မီးသတ်ဦးစီးဌာန၊ ရှာ‌ဖွေကယ်ဆယ်‌ရေး တပ်ခွဲအဆင့် တပ်ဖွဲ့ဝင် (၁၁၆) ဦးမှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ရန် သတင်းပို့ခြင်းတို့ကို ဆောင်ရွက်ပြီးနောက်  မီး‌ဘေးအန္တ‌ရာယ်၊ ငလျှင်ဘေး အန္တရာယ်နှင့် အခြား‌သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မီးငြှိမ်းသတ်‌ရေးနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေးတပ်ဖွဲ့အဆင့် ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ သရုပ်ပြသခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ မီးငြိမ်းသတ်ရေးနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေးတပ်ခွဲအဆင့် တပ်ဖွဲ့ဝင် (၁၁၆)ဦးအား ဂုဏ်ပြုဆု‌ငွေ (၁၀)သိန်းကျပ် ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်မှူး ဦးဇော်ဝင်းထွန်းမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှူးရုံး အစည်းအဝေးခန်းမ၌ တိုင်း‌ဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြား‌ရေးမှူး ဦးဇော်ဝင်းထွန်းမှ လုပ်ငန်းဆာင်ရွက်ချက်များအား Power point ဖြင့်ရှင်းလင်း တင်ပြခဲ့ရာ  တင်ပြချက်များအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုး‌အောင်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရသည်။

ချမ်းမြေ့