မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

မချမ်းဘော မတ် ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းပိတ်ရက်အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး  စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ အခြေခံအင်္ဂလိပ်စာသင်တန်းမှ ကျောင်းသားကျောင်းသူ ၁၄ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများကို အစဥ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)