နွားထိုးကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

နွားထိုးကြီး မတ် ၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး ရုံးလုပ်ငန်းလက်စွဲစာအုပ်မှ ရုံးစာရေးသားနည်း ရည်ရွယ်ချက်၊ ရုံးစာရေးသားရာတွင် အခြေခံရမည့် အချက်များ၊ ရုံးစာရေးသာနည်း အမျိုးအစားများ၊ စာအထားအသို၊ အကြောင်း အရာခေါင်းစဉ်၊ စာတမ်း၊ အကျဉ်းချုပ်စာ၊ အတိုချုံးရေးစာ၊ စာပေးစာယူခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်နှင်းနုအေးမှ အမိန့်နှင့်ညွန်ကြားချက်၊ အစည်းအဝေးမှတ်တမ်း၊ ခရီးသွားမှတ်တမ်း၊ လုပ်ငန်းမှတ်တမ်း၊ လုပ်ငန်းစီမံချက်၊ ထားသိုပုံစနစ်၊ ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံ-၂ ဦးသန်းအောင်ဇော်မှ အစုခေါင်းစဉ်၊ စာပိုဒ်/ စာပိုဒ်ခွဲခေါင်းစဉ်၊ စာပိုက်ခွဲငယ်ခေါင်းစဉ်၊ စာပိုဒ်ခွဲငယ်စိတ်ခေါင်းစဉ်၊ ရေးသားထားသည့်စာသား၊ စာပိုဒ်၊ စာပိုဒ်ခွဲ၊ စာမျက်နှာနံပါတ်တပ်ခြင်း၊ မှတ် ချက်ရေးသားခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ကြည်ကြည်စန်း မှ မျဉ်းသားခြင်း၊ ပုဒ်ခြင်း၊ နောက်ဆက်တွဲခြင်းနှင့် ပူးတွဲခြင်း၊ စာရွက်စာတမ်း၊ အထားအသို အကွာ အကွာအဝေး၊ ရုံးစာရေးသားနည်း၊  အထွေထွေ စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြီး မိမိတို့ ဖတ်ရှုခဲ့ သည့် ရုံးလုပ်ငန်းလက်စွဲစာစောင်စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်