ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ

‌ရွှေပြည်သာ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ ပူပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီတွင် Community Center ခန်းမ၌ ဂီတစာဆို မောင်မျိုးသူ(ခ)ချစ်မင်းသူသို့ အမှတ်တရ အလွမ်းပြေစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌ မရည်မွန်(ကျုံပျော်)က မုဒိတာစကားပြော ကြားကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော စာအုပ်စာပေ ချစ်မြတ်နိုးသူများမှ ဂီတစာဆို မောင်မျိုးသူ(ခ)ချစ်မင်းသူသို့ အမှတ်တရအလွမ်းပြေစာစုများ စာအုပ်အား ဖတ်ကြားဆွေးနွေးကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)