ခရမ်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောပွဲကို၊ ယနေ့နံနက် ၁၀ နာရီက ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲက အဖွင့်အမှာစကားပြောကြား၍အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးလတ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီးသည်။
ဆက်လက်၍အဖွဲ့အတွင်းရေးမှူး ရဲမှူးကျော်စိုးက နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးလတ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်၊ ကယ်ရီသမားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း )