တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

မြင်းခြံ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များတွင် မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် သူများအား စာစစ်ဌာန အသီးသီးတွင် ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများအတွက် စာစစ်ဌာနများအဖြစ် မြင်းခြံမြို့နယ်တွင် စာစစ်ဌာန(၈)ခု ၊ တောင်သာမြို့နယ်တွင် စာစစ်ဌာန(၁၁)ခု ၊ နွားထိုးကြီးမြို့နယ်တွင် စာစစ်ဌာန(၆)ခု ၊ ငါန်းဇွန်မြို့နယ်တွင် စာစစ်ဌာန(၅)ခုတို့တွင် ဖြေဆိုမည့်သူ စုစုပေါင်း (၁၇၁၆၈)ဦးရှိကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ်တွင် စာစစ်ဌာနများအဖြစ် အ.ထ.က(၁)တွင် ပုပ္ပါးဆောင် ၊ သံလွင်ဆောင် ၊ အ.ထ.က(၂) ၊ အ.ထ.က(၃) ၊ အ.ထ.က(၄) ၊ ဆီမီးခုံ ၊ ထနောင်းတိုင် ၊ နဘူးအိုင် စာစစ်ဌာနများ(၈)ခုတွင် ဖြေဆိုသူကျောင်းသား (၂၂၆၄)ဦး ၊ ကျောင်းသူ (၂၉၀၉)ဦး စုစုပေါင်း (၅၁၇၃)ဦးတို့ ဖြေဆိုသွားကြမည်ဖြစ်ပြီး ၊ ဖြေဆိုသူကြမည့်သူများသည် မိမိတို့သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူနေကြကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)