ပျဉ်းမနား မတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန်နှင့် ထူးချွန်ထက်မြက်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပုရွက်ဆိတ်ကုန်းကျေးရွာ အမှတ်(၂၇) အခြေခံပညာမူလတန်းတန်းကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား/သူများ လူတော်လူကောင်းများဖြစ်လာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန်အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)