ကော့သောင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား

ကော့သောင်း မတ်လ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် (၄)ပတ်တာဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းသို့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းတွင် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလွှမ်းမိုးနှင့် နည်းပြဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက “ဧည့်လမ်းညွှန်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဧည့်လမ်းညွှန်များ သိသင့်သိထိုက်သည့်အချက်အလက်များကို သင်တန်းအချိန် ဇယားအလိုက် စာတွေ့/လက်‌‌တွေ့ သင်တန်းပို့ချလျက်ရှိသည်။

သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကော့သောင်းမြို့သည် အဏ္ဏဝါခရီးသွားလာရေးလုပ်ငန်းကို အဓိကလုပ်ဆောင်နေသောဒေသဖြစ်၍ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူပြုပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်‌ငွေပိုမိုရရှိလာခြင်း၊ လူနေမှုအဆင့်အတန်းမြှင့်မား‌လာစေခြင်းတို့ကိုလည်း အထောက်အကူပြုသည့်အတွက် သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးခန့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)