ပင်လောင်း မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များက ယနေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ပြည်သူများ၏ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေး (၈)မျိုးကို တိုက်ကျွေး၊ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းက တင်းထက်ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက စင်းတောင်းကျေးရွာရှိ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)