ကျောက်တန်းမြို့နယ်၌ သင်ထောက်ကူ မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး

ကျောက်တန်း မတ်လ ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူ မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့နယ် ၊ သီလဝါ ပြည်တွင်း စက်မှုဇုန်ရှိ Fine Line Co.Ltd (အိတ်ချုပ်စက်ရုံ) နှင့် UA Electronic Myanmar Co.Ltd (လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံ)တို့၌ ပြုလုပ်ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သီလဝါအထူးစီးပွားရေးဇုန်ရုံး (ကျောက်တန်းမြို့နယ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်းတင်နှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ဆုဆုကျော် (အလုပ်ရုံစစ်ဆေးရေး)တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)