တပ်ကုန်း မတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်ခင်းများ ပိုးမွှားကျရောက်မှုနည်းပါးပြီး ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းကာ အသီးလှိုင်လှိုင်ပေါ်ချိန် စျေးနှုန်းရရှိမှု နည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။
တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများ ခရမ်းချဉ်စိုက်ပျိုးရာ၌ စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအနက်မှ ဒေသနှင့်ကိုက်ညီသော မျိုးများကို ရွေးချယ်စိုက်ပျိုးကြောင်း၊ စတင်ပျိုးထောင်ရာတွင် ခရမ်းချဉ်မျိုးစေ့ တစ်စေ့လျှင် ပျိုးအိတ်တစ်အိတ်နှုန်းဖြင့် ပျိုးထောင်ကြောင်း၊ ရက်ပေါင်း ၂၀ ခန့်လျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းတွင် ရွေ့ပြောင်းစိုက်ပျိုးကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် အပင်ခွ အပွင့်များလိုက်လာပြီး စတင်အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ဖြိုင်ဖြိုင်လှိုင်လှိုင်ပွင့်လာလျှင် ခရမ်းချဉ်သီးများ ရင့်မှည့်၍ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ခရမ်းချဉ်သီးများကို သုံးရက်၊ လေးရက်တစ်ခါ ခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီးများကို ပွဲစားများနှင့် တပ်ကုန်းမြို့မဈေး၊ နေပြည်တော်အဟာရသုခစျေးတွင် ရောင်းချကြောင်း၊ ခရမ်းချဉ်တစ်ဧက စိုက်လျှင် စုစုပေါင်းသွင်းအားစုကုန်ကျစရိတ် ၆ သိန်းကျော် ကုန်ကျကြောင်း၊ အသီးတစ်ပိဿာ လျှင် ၇၀၀ ကျပ်ရောင်းချရကြောင်း၊ တစ်ဧကအမြတ်ငွေ သုံးသိန်းကျော်ခန့်မှန်းထားကြောင်း၊ ကွင်းအမှတ် ၁၃၉၆၊ ဒရောက်ကူးကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူထံမှ သိရသည်။
တင်စိုးလွင်