ချမ်းမြသာစည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄x၁၀၅လမ်းကြားရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တော်၀င်သဇင်ခန်းမတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ ကျင်းပပြုလုပ်သော ကျန်းမာရေးစောင့်ရှောက်မှုအခွင့်ရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာ တင်မောင်မောင်သန်း၊ ဒေါက်တာသန်းမြင့်၊ ဦးကျော်စိုး၊ ဦးတင်အောင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ဝင်းစိန်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ကထိက/ပါမောက္ခ ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ တင်မောင်မောင်သန်းက အဖွင့်အမှာ စကားပြောကြားပြီးနောက်၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်မှ ကျန်းမာရေး စောင့်ရှောက်မှုအခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသူများမှ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့