ရန်ကုန်ဂေါက်သီးရိုက်အသင်း နှစ်ပတ်လည်အခမ်းနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် မတ် ၄

ရန်ကုန်ဂေါက်သီးရိုက်အသင်းနှစ်ပတ်လည်အခမ်းနားနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တညင်းကုန်းမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း၌ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ နံနက်ပိုင်းတွင် ရန်ကုန်ဂေါက်သီးရိုက်အသင်း (၂၀၂၃) ခုနှစ်အတွက် သင်းလုံးကျွတ်အစည်းအဝေကိုကျင်းပရာ အသင်းနာယကများဖြစ်ကြသည့် ဦးဝင်းလိူင်၊ ဦးကျော်မြင့်လိူင်နှင့် ရန်ကုန်ဂေါက်အသင်းဥက္ကဋ္ဌ Captain ဦးကိုကိုအေး တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်ဂေါက်သီးရိုက်အသင်း (Managing Member) မှ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစားရှင်းလင်းတင်ပြခြင်း၊ လေ့ကျင့်ရေးကွင်းငှားရမ်းခြင်းနှင့်ပတ်သက်၍ သဘောတူညီချက်ရယူခြင်း၊ ၂၀၂၃ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းရှင်းလင်းခြင်းများကိုဆောင်ရွက်ပြီး နေ့ခြင်းပြီး​ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

ဆက်လက်ပြီး ညနေပိုင်းတွင် ပျော်ပွဲရွင်ပွဲနှင့် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နာယကများနှင့်အသင်းဥက္ကဋ္ဌတို့က ရန်ကုန်ဂေါက်ကလပ်စာလုံးထွင်းခြင်းနှင့် ကမ္ဗည်းမော်ကွန်းကျောက်စာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ Captain ဦးကိုကိုအေးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်ဂေါက်သီးရိုက်အသင်း Captain ဦးကိုကိုအေးနှင့် တာဝန်ရှိသူများက ဝန်ထမ်း Bonus ဆုပေးခြင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား Trophy ချီးမြှင့်ခြင်း၊ ၂၀၂၄ ခုနှစ်အတွက် Club Championship ရရှိသူများအားဆုချီးမြှင့်ခြင်း၊ Captain Cup ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ယနေ့တွင်ကျင်းပသော နေ့ချင်းပြီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ Hole In One ရရှိသူများအား Trophy ချီးမြှင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက်ပျော်ပွဲရွင်ပွဲအထိမ်းအမှတ် ကံစမ်းမဲများကိုဖောက်ပေးခဲ့ကြောင်းနှင့် ရန်ကုန်ဂေါက်ကလပ်ကို ၁၉၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး နှစ်ပေါင်း ၁၁၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)