ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ဒဂုံတောင် မတ်  ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် စဉ်းစားခြင်းအတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေးစသည့်ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၏ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၃ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာနေစိုးသော်၊ Book Club အဖွဲ့ဝင်များဖြစ်ကြသော စာရေးဆရာသက်ဝေမောင်၊ စာရေးဆရာထီလာကျော်၊ စာရေးဆရာမမသက်နှံနှင့် စာရေးဆရာမသက်နှင်းညိုတို့က  ဦးဆောင်ဆွေးနွေးကြပြီး  တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက   စာရေးဆရာသိပ္ပံ‌မောင်ဝ၏ “‌မောင်ငယ်နဲ့‌ခွေး” စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးကြသည်။

ထို့နောက် စာရေးဆရာ ဆရာသက်ဝေမောင်က ယနေ့လူငယ်များအနေဖြင့် ၄င်းစာအုပ်ကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ ယင်းစာအုပ်ပါ အကြောင်းအရာများသည် သဘာဝအတိုင်းဖြစ်‌ပေါ်နေမှုများ လူ‌တွေ၏စိတ်သဘောထား ခေတ်တစ်ခုရဲ့ပုံရိပ် လူတန်းစားဘဝအ‌ထွေထွေဖြတ်သန်းပုံများကို‌ ရေသားထား‌‌ရာ ဖတ်ရှုလေ့လာစရာအလွန် ကောင်းမွန်သောစာအုပ်‌ ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၊ စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗသုတများ တိုးပွားရရှိကာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်သည့် လူငယ်လူရွယ်များဖြစ်စေလိုကြောင်းစသည်ဖြင့်‌ ဆွေးနွေးပြောကြားကြ‌ကြောင်း သိရသည်။

သန်းသန်းအေး