မိုင်းခုတ် မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မိုင်းခုတ်မြို့ပေါ် ဌာနဆိုင်ရာရုံးများအနေဖြင့် မိမိတို့ရုံးများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များထားရှိကြရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် အထူးသတိပြုကြရန်နှင့် မီးသတ်ဆေးဗူးများအသင့်ထားရှိရန် စသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)