မိုင်းခုတ်မြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွား သင်တန်း ဖွင့်လှစ်

မိုင်းခုတ် မတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ သင်တန်းသား (၃၀)ဦးဖြင့် မတ် ၄ ရက်မှ ၆ ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသား/သူများမှ လက်ခံခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် လေပြင်းဘေး၊ ငလျင်ဘေး၊ ရေဘေးနှင့်မီးဘေးစသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သတိပြုလိုက်နာဆောင်ရွက်ရန်အချက်များနှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရန်အချက်များအား စာတွေ့၊ လက်တွေ့ သရုပ်ပြ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သီတာအေး (ပြန်/ဆက်)