ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် “မြတ်သောအမွေ” အခြေခံပညာမူလတန်းကြိုကျောင်း၌  မူလတန်းကြိုပညာသင်ယူပြီးမြောက်မှု ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပိုင်ကျုံ မတ် 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ “မြတ်သောအမွေ” အခြေခံပညာမူလတန်းကြိုကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မူလတန်းကြိုပညာသင်ယူပြီးမြောက်မှု ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၃ ရက်က အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်

ရှေးဦးစွာ အခမ်းအနားကို မူ(လွန်)တနင်းဖလုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး “မြတ်သောအမွေ” အခြေခံပညာမူလတန်းကြိုကျောင်း၏ ကဏ္ဍာအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ကျောင်းအကျိုးတော်ဆောင် ဒု-ဥက္ကဋ္ဌ ဦးစောရွှေဥမှ ရှင်းလင်းပြောကြားခြင်းနှင့် မူကြိုဆရာမ ဒေါ်နော်ဖေါခုက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်း၏လိုအပ်ချက်များနှင့် အာဟာရတိုက်ကျွေးခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် အလှူရှင်စာရင်းများအား ဖတ်ကြားပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းကြိုပညာသင်ယူပြီးမြောက်သည့် ကလေးသူငယ်(၃၂)ဦးအား တာဝန်ရှိသူတို့က အမှတ်တရပစ္စည်းများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်

“မြတ်သောအမွေ” အခြေခံပညာမူလတန်းကြိုကျောင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် တွဲဖက်ဖွင့်ထားသည့်ကျောင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကလေးသူငယ်(၇၀)ကျော် တက်ရောက်ပညာသင်ယူခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)