ပင်းတယမြို့နယ်၌ ကျောက်ပန်းဖြူပန်းများ လှိုင်လှိုင်ထွက်ရှိ

ပင်းတယ မတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျောက်ပန်းဖြူပန်းများ လှိုင်လှိုင်ထွက်ရှိနေပြီး၊ ကျောက်ပန်းဖြူ အလတ်အရှည်တစီးကို (၇၅၀၀)ကျပ်၊ လက်ကားဈေး (၆၀၀၀)ကျပ်နှင့် အတိုတစီးကို (၄၀၀၀)ကျပ်၊ လက်ကားဈေး (၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပန်းအရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူတဦးထံမှ သိရသည်။

အဆိုပါပန်းကို ဩဂုတ်လမှ အောက်တိုဘာလအတွင်း တောနက်ကြီးများတွင် သဘာဝအလျောက်ပေါက်ရောက်နေသော ကျောက်ပန်းဖြူပန်းပင်များကို ခူးယူကာ မိမိအိမ်တွင် ပန်းခင်းအဖြစ်စိုက်ပျိုးထားပြီး၊ ဒီဇင်ဘာလတွင် စတင်ရောင်းချကြကြောင်း၊ ယခုအခါ မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းမှ အပိုဝင်ငွေရရှိနေကြောင်းနှင့် ၎င်းပန်းကို တောင်ပေါ်ကျေးရွာများဖြစ်သည့် ကြံခင်းမြောင်၊ ထင်းရှူးကုန်း၊ ပန်းစစ်ကျေးရွာစသည့် ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)