လားရှိုး မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)အတွင်းရေးမှူး ရဲမှူးကြီးလှမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများကို ပေးအပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်၊ မြို့နယ်သင်တန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင် ၁၅ ဦးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်နှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)