မိုင်းရှူး မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးတို့က ကြက်ခြေနီအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ထောက်ပံ့သည်။
အဆိုပါသင်တန်းကို မတ်လ ၄ ရက်မှ မတ်လ(၁၇)ရက်နေ့ထိ ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအကြောင်း ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြုပုံနှင့် ရှေးဦးသူနာ ပြုစုခြင်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းမှ အသင်းသားများ စုစုပေါင်း(၆၂)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)