မိတ္ထီလာ မတ် ၄
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသူ၊ ကျောင်းသား၂၆၆၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မိတ္ထီလာမြို့နယ်၌ စာစစ်ဌာနများအလိုက် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားဦးရေမှာ အ.ထ.က (၁) ၄ဝ၂ ဦး၊ အ.ထ.က (၂) ၆၄ဝ ဦး၊ အ.ထ.က(၃) ၃၈ဝ ဦး၊ အ.ထ.က (၄) ၄၃၇ ဦး၊ အ.ထ.က(၅)ရှမ်းတဲ ၃၈၇ ဦး၊ အ.ထ.က(တောမ) ၂ဝ၂ ဦး နှင့် အ.ထ.က (ရေဝေ) ၂ဝ၄ ဦး စုစုပေါင်း ၂၆၆၂ ဦး ဖြစ်သည်။ အဆိုပါ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား ၂၆၆၂ ဦးတွင် အတွင်းဖြေဦးရေ ၂၅၂၁ ဦး နှင့် အပြင်ဖြေ ၁၄၁ ဦး တို့ ပါဝင်ကြောင်း သိရသည်။
ချမ်းသာ