မိုင်းဖြတ်မြို့နယ်၊ နားမွန်း​ကျေးရွာ အ​ခြေခံပညာမူလတန်း​ကျောင်း၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ​ဆောင်ရွက်

မိုင်းဖြတ် မတ် ၄

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် နားမွန်း​ကျေးရွာ အခြေခံပညာမူလတန်း​ကျောင်း၌ ရှမ်းပြည်နယ်အစိုးရ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ကျောင်းတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယ​​နေ့နံနက်ပိုင်းက စတင်အ​ကောင်အထည်​ဖော်​ ဆောက်ရွက်​နေပြီဖြစ်​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ​ကျေးရွာအုပ်ချုပ်​ရေးမှူး၊ ကျေးရွာ​နေရပ်မိရပ်ဖများ၏ ဦး​ဆောင်မှုနှင့်​​ကျေးရွာ​နေပြည်သူများ၏ လုပ်အားတို့ဖြင့် ​ဆောင်ရွက်ခြင်းဖြစ်​ကြောင်း၊ ကွန်ကရစ်လမ်းခင်းရာတွင် လိုအပ်သည့် ​ကျောက်ကြီး၊ သဲ​ကျောက်များကို​ ရွာသူ၊ ရွာသားများ၏ လုပ်အားဖြင့် ​​ဆောင်ရွက်ထားခြင်းဖြစ်​ကြောင်း၊ ဘိလပ်​မြေ၊ သဲများကို ရန်ပုံ​ငွေများမှ သုံးစွဲဆောင်ရွက်ခြင်းဖြစ်​ကြောင်း ရွာလူကြီး ဦး​ကျော်​ဆွေထံက သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို ​၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဥ်တွင် ထောက်ပံ့​ပေးအပ်ခဲ့သည့် ရှမ်းပြည်နယ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံ​ငွေ ကျပ်သိန်း (၁၀၀)ဖြင့် ကျောင်းဝန်းအတွင်း​ ပင်မ​ကျောင်း​ဆောင်​ရှေ့ ၁၈​​ပေ×၁၆​ ပေနှင့် ​ကျောင်း​ဆောင်သစ်ရှေ့ ၆၅ ​ပေ×၃၀ ပေ ထု ၆ လက်မအတိုင်းအတာကို ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)