မြင်းခြံ မတ် ၄
မန္တလေးတိုင်ဒေသကြီး မြင်းခြံမြို့နယ်၌ မီးဘေးအန္တရာယ်ကြို့တွင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀နာရီ ၁၅မိနစ်မှအချိန်က အမှတ် (၁၉)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၉)ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မီးချိတ်၊ မီးကတ်၊ ရေ၊ သဲ ပြည့်စုံစွာဆောင်ရွက်ထားခြင်းရှိ/မရှိ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် မီးသတိမူရေး နေ့စဉ်လှည့်လည်ဆော်သြခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)