​​​​​​​ဝမ်းတွင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှ MMUဖြင့် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

ဝမ်းတွင်း မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ MMU ဖြင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို အမှတ်(၇)ချည်မျှင်နှင့် အထည်စက်ရုံတွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် လူမှုဖူလုံရေးရုံးအနေဖြင့် အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေပါအကျိုးခံစားခွင့်များ အချိန်မှီခံစားခွင့်ရရှိရေး စဥ်ဆက်မပြတ် အလေးထားဆောင်ရွက်လျက်ရှိပြီး လူမှုဖူလုံရေးအဖွဲ့မှ လုပ်သားအင်အားနှင့် စက်ရုံအလုပ်ရုံများတွင် ကွင်းဆင်း၍ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အမှတ်(၇)ချည်မျှင်နှင့် အထည်စက်ရုံ၌ MMUဖြင့် ကွင်းဆင်းဆေးကုသပေးရာတွင် စက်ရုံအလုပ်ရုံများမှ ခံစားခွင့်ရှိသူ ကျား(၃၉)ဦး၊ မ(၁၃၇)ဦး စုစုပေါင်း (၁၇၆)ဦးအား ဆေးကုပေးမှူများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် လူမှုဖူလုံးရေးရုံးခွဲအနေဖြင့် မြို့နယ်အတွင်းရှိ အကျိုးခံစားခွင့်ရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးကုသယာဥ်ကြီးများဖြင့်လည်းကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)