ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ဒဂုံမြောက် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် မြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက (၃၇)ရပ်ကွက်၊  ပင်လုံလမ်းရှိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကို မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်နှင့် ခရိုင်၊မြို့နယ် စည်ပင်သာယာဝန်ထမ်း (၃၅)ဦးတို့အား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ဝန်ထမ်းများအား လက်တွေ့ ဆောင်ရွက်စေခြင်း၊ အသိပညာပေး‌ ဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် ရုံးတွင်းမီး‌ ဘေးအန္တရာယ် ကင်းဝေးစေရေး စစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ