ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရားဖူးလာရောက်သူများပြား

ညောင်ဦး မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားနေကာ ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်တို့တွင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် ဘုရားဖူးများ တည်းခိုသူများပြားနေပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားဘုရားဖူးများဖြင့် စည်ကားနေကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ ပုထိုး၊ စေတီ သာသနိက အဆောက်အုံ ၃၇၀၀ ကျော် ကျန်ရှိနေကာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ထားရှိသည့် ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာ ဘုရား၊ ဗူးဘုရား၊ မဟာဗောဓိဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ရွှေဆံတော်ဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင် ဘုရားနှင့် ပြဿဒ်ကြီးဘုရားတို့တွင် ဘုရားဖူးများ အလွန်များပြားနေကာ ရှေးဟောင်းယဉ် ကျေးမှုအမွေ အနှစ်များကို လေ့လာလိုသည့် လေ့လာရေးဘုရားဖူးဧည့်သည်များသည်လည်း မြင်းကပါ ဂူပြောက်ကြီးဘုရား၊ ဂူပြောက်လေးဘုရား၊ ဝက်ကြီးအင်း ဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရား၊ ဘုရားသုံးဆူ၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရား၊ သစ္စာမဏ္ဍိုင်ဘုရား၊ ကုသဘုရား၊ သမုတိဘုရား၊ တောင်တဝက်ဂူဘုရား၊ ဆင်များရှင်ဘုရား၊ ရွှေဂူကြီးဘုရား၊ ဂရို့ချိုးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ အရှေ့ဖက်လိပ်၊ အနောက်ဖက်လိပ်ဘုရား၊ တောင်ဂူနီမြောက်ဂူနီဘုရားတို့တွင်လည်း ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာခြင်း၊ နံရံပန်းများ၊ မင်စာများ၊ ကျောက်စာများကို လေ့လာခြင်း နှင့် ကျောက်ဆက်ပန်းဆွဲများ လေ့လာခြင်းတို့ဖြင့် စည်ကားနေလျက်ရှိကာ ပြည့်ငါးပြည့် ဘုရား တို့တွင်လည်း ဘုရားဖူးများဖြင့် စည်ကားနေပြီး ညနေပိုင်း တောင်ကုန်းတုများပေါ်မှ နေဝင် ဆည်းဆာကြည့်ရှုခြင်းများဖြင့် စည်ကားနေကြောင်းနေကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေရက်များ တွင် သာမန်ရက်များထက် ဘုရားဖူးသိသိသာများပြားလျက်ရှိကြောင်း၊ ဘုရား ဖူးလာရောက်သူ များပြားခြင်းနှင့် အတူ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများပြည့်နေပြီး မြင်းလှည်း၊ အီးဗိုက်၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ အဆင်ပြေနေကြကာ စားသောက်ဆိုင်များ၊ ဒေသထွက်ကုန် အရောင်းဆိုင်များ၊ ပုံးရည်ကြီးအရောင်းဆိုင်များ ရောင်းအားကောင်းနေကြကြောင်း၊ ပြည်တွင်း ဧည့်လမ်းညွှန်များလည်းအလုပ် အကိုင်အခွင့်လမ်းရရှိနေကြကာ ဝင်ငွေတွက်ခြေကိုက်နေကြ ကြောင်း သိရသည်။

ဒီပါလင်း