မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

မိုင်းခတ် မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မိုင်းခတ်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ (ဘီ)ပိုး ၊ ဦးနှောက်အမြှေးရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုး ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးကိုပါတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)