ညောင်ဦး မတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီ၊ ဝေဇယန္တာတန်ဆောင်းကြီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများ၊ ချီးမြှင့်ခြင်းနှင့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ကျမ်းပြီး၊ ကျမ်းစွဲခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုချီးမြှင့်ခြင်းနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပင့်သံဃာ အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် မဟာဝိသုတာရာမတိုက်သစ် ၊မြို့နယ်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်များ နာယူ၍ ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။ပြီးနောက် စာအောင်သံဃာတော် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုငွေများအား ညောင်ဦးခရိုင် စီမံအဖွဲ့ဝင်များနှင့် ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား(၁၈)ဆူမှ ဘဏ္ဍာတော်ထိန်း ဂေါပကတို့က ချီးမြှင့်ဆက်ကပ်ကြကာ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် ညောင်ဦး စာဖြေဌာနမှ ကျမ်းပြီး (၂) ပါး၊ နှစ်ကျမ်းစွဲ(၂)ပါး၊ တစ်ကျမ်းစွဲ(၅)ပါး၊ဓမ္မာစရိယ စာအောင် သံဃာတော်/ သီလရှင်(၉)ပါး၊ အကြီးစာအောင် သံဃာတော်နှင့် သီလှရှင်(၁၄) ပါး၊ အလတ်တန်း စာအောင် သံဃာတော်နှင့် သီလရှင်(၆)ပါး၊ အငယ်တန်းစာအောင် သံဃာတော်နှင့် သီလရှင် (၄၂)ပါး၊ မူလတန်းစာအောင်သံဃာတော်နှင့် သီလရှင် (၄၃) ပါးတို့ ဖြစ်ပြီး (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၆၇၄) ဦးတို့အား အောင်လက်မှတ်များ ချီမြှင့်ခြင်းနှင့် စာအောင်သူများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း