စမ်းချောင်း မတ် ၃
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းဆင့်သင် (လုပ်ငန်းခွင်၀င်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (တိုင်းဒေသကြီးအဆင့်) နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန့်နေ့ နံနက် (၉) နာရီက စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်းတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က အဖွင့်အမှာစကား ပြောပြီး၊ ရန်ကုန်တုင်းဒေသကြီး ပညာရေး မှူးရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူးရုံးတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်၊ TEO များ၊ နည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁-၃-၂၀၂၄) မှ(၅-၃-၂၀၂၄) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ဖြူသွယ်ထွန်း