ပန်ဝါ မတ် ၃
ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံ စီတန်းလှည့်လည်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဒေသခံပြည်သူများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲကို ပန်ဝါမြို့အမှတ် (၂)ရပ်ကွက်နေ ဦးဘောမ်ဆောင်နှင့် ဦးခေါဘောမ်တို့က ဦးဆောင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြောင်းနှင့် သတ်မှတ်ထားသော အသက်ကန့်သတ်ချက်အလိုက် စစ်မှုထမ်းရာတွင် ပါဝင်နိုင်ရေး ဆွေးနွေးပြီး ဒေသတည်ငြိမ်ဖွံ့ဖြိုး အုပ်ချုပ်ရေးရုံးရှေ့ (စုရပ်)မှ စတင်ထွက်ခွာသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံရာ၌ ပန်ဝါမြို့နေ ပြည်သူလူထုများ၊ ကျီးကျားကျေးရွာ၊ ငီးလော့၊ ဆော့ဇမ်ကျေးရွာများမှ ပြည်သူများ စုစုပေါင်းအင်အား (၈၀၀) ကျော်ပူးပေါင်းပါဝင်ခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းအတိုင်း စီတန်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။
ပန်ဝါ(ပြန်/ဆက်)