မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုးကောင်း မတ် ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာရေးဆရာကြည်ရွှန်းရေးသားသည့် အချိန်စီမံခန့်ခွဲမှုပညာစာအုပ်ဖြင့် မတ်လ(၁)ရက်နေ့ ညနေ(၃)နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက “မိတ်ဆွေရဲ့မိမိကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်အစွမ်းရှိသလောက် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ဖို့ ကိုယ့်တာဝန်နဲ့ ကိုယ့်အချိန်ကို ဘယ်လိုအသုံးချမလဲပေါ်မူတည်ပါတယ်” စသည့် အကြောင်းအရာပါ အချိန်စီမံခန့်ခွဲမှုစိတ်ပညာပါ ခေါင်းစဉ်ဖြင့်စတင်မိတ်ဆက်ဖတ်ကြားသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်များက မိမိတန်ဖိုးတွေပိုင်းဖြတ်ပါ၊ ကိုယ့်ရှေ့ရေးအမြင်နဲ့ ရည်မှန်းချက်ကို စဉ်းစားဖော်ထုတ်ပါ၊ မိမိနေ့စဉ်လုပ်ရမယ့်အလုပ်တွေကို စာရင်းရေးဆွဲပါ၊ လမ်း ကြောင်း မပျောက်ပါစေနဲ့ စသည့်ခေါင်းစဉ်များဖြင့် ဖတ်ကြားပြီး အချိန်ကို စီမံခန့်ခွဲတတ်သူများက အကောင်းမြင်စိတ်ပွားများ၍ မိမိကိုယ်မိမိယုံကြည်လာမှု၊ အရေးပါသောလုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်နိုင်မှု၊ အဖိုးတန်သောအချိန် အသုံးချဖို့ ဘာတွေပြင်ဆင်သင့်လဲ စသည့်အကြောင်းအရာများ နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)