မိုင်းတုံမြို့နယ်ရှိ (၆)မိုင်းကျေးရွာသို့ တောမီးမရှို့စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းတုံ မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က (၆)မိုင်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တောမီးမရှို့စေရေးအတွက် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ဟောပြောပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ကျေးလက်နေပြည်သူ များအနေဖြင့် သဘာဝသစ်တောများကို မပြုန်းတီ‌အောင် စောင့်ရှောက်ရမဲ့တာဝန်ရှိသလို၊ သစ်ပင်ခုတ်ခြင်း၊ တောမီးရှို့ခြင်းများကိုလည်း ရှောင်ကြဉ်သင့်‌ကြောင်းနှင့် ပတ်သက်၍လည်း ကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများသိရှိနာလည်စေရန် အကျယ် တဝင့်ဟောပြောပြီးနောက် မြို့နယ်သစ်တောမှ တောအုပ်ကြီး ဦးအေးလွင်က သစ်ပင်များ ခုတ်ခြင်း၊ တောမီးရှို့ခြင်းနှင့် ပတ်သက်၍ အကျယ်တစ်ဝင့်ဆွေးနွေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က မီးခိုးငွေ့၏ ဆိုးကျိုးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရိန်ဖြိုးက တောမီးမှတစ်ဆင့် မီးဘေး အန္တရာယ်နှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ ဓာတ်ငွေ့နှင့် ပတ်သက်၍လည်း ကောင်း၊ မြေစာရင်းမှ တောင်ရာပြောင်းရွှေ့ခြင်း၏ ဆိုးကျိုးနှင့် ပတ်သက်၍လည်းကောင်း အသီး သီးဆွေးနွေးပြောကြားပြီး မြို့နယ်ရဲမှူး  မြင့်အောင်က ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်း ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့  အချိန်မီ သတင်း ပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများက သိရှိလိုသည်များအား မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲမှ ပြန်လည်‌ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)