မြစ်သားမြို့နယ်၌  နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ရေများ ဖြန့်ဝေပေးလျက်ရှိ

မြစ်သား မတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ  စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊  ကန်၊  တမံ များမှ  စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ နွေစပါးနှင့်  အခြားသီးနှံများ အချိန်မီ ပြီးစီးအောင် စိုက်ပျိုးနိုင်ရေးနှင့်  စိုက်ပျိုးရေ ဖူလုံစေရေးတို့အတွက် အဆိုပါ ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်းဆည်၊ ကန်၊ တမံများမှ လယ်ယာမြေ စိုက်ခင်းများအရောက် စိုက်ပျိုး‌ရေများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ  ယခုနှစ်စိုက်ပျိုးရာသီတွင် ကင်းတားရေလှောင်တမံမှ နွေစပါး (၄၃၁၀) ဧကနှင့် နွေသီးနှံ (၇၉၁၁၅) ဧကတို့ကို စိုက်ပျိုးရေပေးဝေရန် လျာထားသောကြောင့် ကင်းတားလက်ယာရေပေးဝေစနစ်၏ စိုက်ပျိုးဧကကို မြို့ကြီးရေလှောင်တမံမှလည်း ရေကူပေးဝေလျက်ရှိကြောင်း မြစ်သားမြို့နယ်အနေဖြင့် ကင်းတားလက်ဝဲတူးမြောင်း၊ ကင်းတားလက်ယာတူးမြောင်းနှင့်ပန်းလောင် ရေ‌ပေးဝေစနစ် ( ၃ )ခုဖြင့် နွေစပါး (၆၃၀)ဧကနှင့် နွေသီးနှံ (၄၇၀၇၄) ဧကတို့အား စိုက်ပျိုးရေများ ပေးဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရေများ ပေးဝေရာတွင်  ကင်းတားလက်ဝဲတူးမြောင်းမှ  အလှည့်ကျ စနစ်ဖြစ်သော (၈)ရက်ဖွင့် (၄) ရက် ပိတ်စနစ်ဖြင့်လည်းကောင်း၊ ပန်းလောင်တူးမြောင်းခွဲများနှင့် ကင်းတားလက်ယာ တူးမြောင်းခွဲများမှ (၁၂)ရက် ဖွင့် (၁၀) ရက်ပိတ် အလှည့်ကျ စနစ်ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၅) ရက်‌နေမှ ဧပြီလ (၁၉)ရက်  နေ့အထိ စိုက်ပျိုရေများကို ရေလှည့်စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)