မိုင်းယု မတ် ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီအခြေခံ ယဉ်ကျေးလိမ္မာနှင့် ကွန်ပျုတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက နွေရာသီကာလ အားလပ်သည့်အချိန်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ ယဉ်ကျေးလိမ္မာသော သားကောင်း သမီးကောင်းရတနာလေးများဖြစ်စေရေးနှင့် ကွန်ပျုတာအခြေခံသဘောတရားများကို သိရှိနားလည်တတ်စေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများကို မတ်လ ၁ ရက်နေ့မှ မေလ ၇ ရက်နေ့ထိ ရက်သတ္တပတ်(၇)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိဖြစ်ကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျုတာသင်တန်းကို Grade-2 မှ Grade-12 တို့မှ ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်သူ စုစုပေါင်း ၅၅ ဦး တက်ရောက်ကြကြောင်းနှင့် တက်ရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်သူများကို ခဲတံနှင့် ဗလာစာအုပ်များ အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်