ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ရန်ကုန်) မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ(၂၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများ ကကွင်းဆင်း စစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူကိုကို၊ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများက အုတ်ဖိုကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ (၁၀၄.၅၆၇)ကျပ်သန်းဖြင့် ကျေးရွာကုန်ထုတ် ဂဝံလမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် (၇၀၀၀)ပေ၊ အကျယ် (၁၂) ပေ၊ ဒု (၉)လက်မခင်းခြင်းလုပ်ငန်း၊ ထိန်နှစ်ပင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ (၅၇.၉၅)ကျပ်သန်းဖြင့် ကုန်ထုတ်ဂဝံလမ်းခင်းခြင်းလုပ်ငန်းလမ်းအရှည် (၁/၀.၄၈၅) မိုင်၊ အကျယ် (၁၂) ပေ၊ ထု(၉)လက်မခင်းခြင်းလုပ်ငန်း၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ (၁၇၀.၅၆၃)ကျပ်သန်းဖြင့် ကျေးရွာကုန်ထုတ် မြေသားလမ်းခင်းခြင်း လုပ်ငန်း လမ်းအရှည်ပေ (၁/၄) မိုင်၊ အကျယ်( ၁၈) ပေ၊ ထု (၂) ပေခင်းခြင်းလုပ်ငန်း၊ ကန့်လန့်ကုန်းကျေးရွာတွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ (၁၉၂.၈၁၁)ကျပ်သန်းဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည်ပေ (၀/၆.၉၅) မိုင်၊ အကျယ်(၁၀) ပေ၊ ဒု (၇)လက်မခင်းခြင်းလုပ်ငန်းနှင့် ငွေကျပ်(၉.၄၅)သန်းဖြင့် အိမ်တိုင်ရာရောက် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ အရှေ့သဲဖြူကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (ထပ်တိုး)ငွေကျပ်(၁၈)သန်းဖြင့် ရွာတွင်းကွန်ကရစ်လမ်းအရှည်ပေ (၈၅၃)၊ အကျယ်(၈)ပေ၊ ဒု(၆)လက်မခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ထိန်းသိမ်းရန်မှာကြားသည်။

ဇင်မင်းထိုက်(ထန်းတပင်)