နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး

နေပြည်တော် မတ် ၂

နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်လည်းကောင်း၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။

အဆိုပါစားသောက်ကုန်များ ရောင်းချရာတွင် ဒေသထွက် ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စသည့် အခြေခံစားသောက်ကုန်များကို စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသဖြင့် ဝန်ထမ်းများ ဝယ်ယူမှုများပြားကြောင်း၊ ဆက်လက်၍ နေပြည်တော်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းများ ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)