မိုးညှင်းမြို့နယ်၌ ယခုနှစ်အတွင်း ဆီထွက်သီးနှံ မြေပဲ (၉၀၂၆)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်

မိုးညှင်း  မတ်  

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၉၀၆၂)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးညှင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း (၆၀)ရှိပြီး ဒေသခံတောင်သူများက ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးရာသီတွင် မြေပဲစိုက်ဧက (၄၉၂)ဧကနှင့် ဆောင်းရာသီတွင် လယ်သီးထပ် မြေပဲစိုက်ဧက (၈၅၃၄)ဧက စုစုပေါင်း စိုက်ပျိုးဧက (၉၀၂၆)ဧက စိုက်ပျိုးထားရှိပြီး ဆောင်ရာသီတွင် အဓိကအားထား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ တောင်သူများအား ဝင်ငွေများတိုးပွားလာစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ဒေသခံတောင်သူများမှ ယခုနှစ်အတွင်း ဆီထွက်သီးနှံ မြေပဲကို စိုက်ပျိုး ထုတ်လုပ်ရန် လျာထားဧကမှာ (၈၇၅၃)ဧကရှိပြီး ယခုအခါ လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း