ပိုင်ကျုံမြို့၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ   မတ်  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက် (၈၅) နှစ်နှင့် အထက် ဘိုးဘွား များတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုမှ လူမှုရေးပင်စင် (Social Pension) အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၁၂၆ ဦးအဘွား ၂၀၆ ဦး စုစုပေါင်း  ၃၃၂ ဦးတို့အား တစ်ဦီးလျှင် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၉၆၀,၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်

အဆိုပါ ထောက်ပံ့ငွေများကို  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ၂၀၂-၂၀၂ခု ဘဏ္ဍာ‌ရေးနှစ် တတိယ (၃) လပတ် အတွင်း  လူမှုရေး ပင်စင်အကျိုး ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွားတို့အား ထောက်ပံ့ပေးလျက်ရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့မှ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်

နော်ခူး(ပြန်/ဆက်)